MI ဖုန်းတွေမှာ ဖြစ်တတ်သော error
MI ဖုန်းတွေမှာ ဖြစ်တတ်သော error
တစ်ခါတစ်လေ ဖုန်းကြောင်တာမျိုး ကြုံဖူးကြမှာပါ
ဖုန်းသုံးရင်းနဲ့ ဘာကိုမှ နှိပ်မရတာမျိုး
Reboot လုပ်ရင်တောင် reboot ကို နှိပ်ပေမယ့် ဘယ်လိုမှ မရတဲ့ အခါမျိုး
Battery ကို ထုတ်ရအောင်လည်း battery က built in ပါလာတော့ ဖွင့်မရဖြစ်တတ်တဲ့ အခါမျိုး
ကြုံခဲ့ရင် အောက်မှာ ဖော်ပြပေးတဲ့ နည်းလမ်းလေးအတိုင်း ကြိုးစားကြည့်ပေးပါ
- ဖုန်းရဲ့ ပါဝါ ခလုတ်ကို screen အနက်ရောင် ပေါ်လာတဲ့အထိ ဖိထားပေးပါ
- ဖုန်း screen အနက်ရောင် ပေါ်လာတဲ့အခါ simcard ကို ထုတ်လိုက်ပါ
- Simcard ထုတ်ပြီးတဲ့အခါ ပြန်သွင်းပါ
- နောက်တစ်ခါက် ဖုန်းရဲ့ ပါဝါခလုတ်ကို screen အနက်ပေါ်တဲ့အထိ ပြန် ဖိထားပေးလိုက်ပါ
Screen အနက်ရောင်နဲ့အတူ ဖုန်းစက်ပါ ပြန်ပွင့်လာတဲ့အထိ စောင့်ပေးပါ။
အဲ့ဒါပြီးရင်တော့ ဖုန်းက အရင်လို ပြန်ကောင်းသွားပါပြီ။
ကြိုက်တဲ့ app ကို click လို့ရပါပြီ။
ကျွန်တော်ကိုယ်တိုင် ကြုံဖူးလို့ share ပေးတာပါ
stay home ကာလမှာ ဖုန်းဆိုင် ထပြေးရတော့မလို ဖြစ်နေတုန်း google မှာ ရှာကြည့်တော့ အထက်က နည်းလမ်းအတိုင်း ပြောပြထားတာ တွေလို့ လိုက်လုပ်ကြည့်ရင်းနဲ့ အဆင်ပြေသွားတာပါ။
အားလုံးပဲ အဆင်ပြေကြပါစေ
Comments
Post a Comment