ဓာတ်ပုံတွေကို cloud မှာ သိမ်းနည်း
ဖုန်းထဲက အမှတ်တရ ဓာတ်ပုံလေးတွေ ပျောက်မှာစိုးလို့ တခြား ဘယ်နရာမှာ သိမ်းလို့ရမလည်း
ကျွန်တော်တို့ အမှတ်တရ ရိုက်ထားတဲ့ photos တွေကို ဖုန်းထဲမှာထားရင်း အကြောင်း အမျိုးမျိုးကြောင့် ပျက်သွားနိုင်သလို storage တွေ မဆံ့တော့တဲ့ အခြေအနေမျိုးတွေ ကြုံလာရင် ဘယ်နေရာမှာ သိမ်းထားကြမလည်းပေါ့နော်
သိမ်းထားလို့ရတဲ့ နေရာတွေကတော့ အများကြီးပါ
Free တွေရသလို ဝယ်ရတာတွေလည်း ရှိနိုင်ပါတယ်
ကျွန်တော် လက်လှန်းမီသလောက်ကို ပြောပြပေးသွားပါမယ်
Free ပေးထားတဲ့ storage ပမာဏ ရှိသလို free ပေးထားတဲ့ storage ကုန်ရင်တော့ ဝယ်သုံးရပါတယ်
Gmail account လေးတစ်ခု ရှိရုံနဲ့ free ပေးထားတဲ့ ပမာဏ storage ဆံ့အောင် သိမ်းထားကြပေါ့နော်
Webpage တွေကနေ သိမ်းထားလို့ ရသလို application တွေ Downlod လုပ်ပြီး Gmail account လေးရှိရုံနဲ့ login ဝင်ပြီး သိမ်းထားကြပါ
သိမ်းထားလို့ရတဲ့ နေရာ ( Software ) တွေကတော့
- Dropbox
- Google Drive
- Google Photo
စတဲ့ နေရာတွေမှာ အမှတ်တရာ ဓာတ်ပုံလေးတွေ သိမ်းထားလို့ ရသလို MI phone ကိုင်တဲ့ သူတွေကလည်း MI cloud မှာ သိမ်းထားလို့ရပါတယ်။
MI cloud ကတော့ MI account လေး အသုံးပြုရမှာပေါ့နော်
အပေါ်မှာ ပြောပြပေးခဲ့တဲ့ နေရာတွေမှာ မိမိတို့ရဲ့အမှတ်တရ ဓာတ်ပုံလေးတွေကို မပျောက်ပျက်အောင် သိမ်းထားကြဖို့ လမ်းညွှန်ပေးလိုက်ရပါတယ်။
Comments
Post a Comment