Posts

Showing posts from May, 2020

Note ရေးရင် အသုံးပြုသင့်သော application

Note တွေရေးပြီး Internet access ရှိရုံနဲ့ ဘယ် device ကနေ ဝင်ကြည့်ကြည့် အဆင်ပြေချင်ပါသလား ကိုယ်က note ရေးတဲ့ အကျင့်ရှိတယ် ကိုယ်လေ့လာနေတဲ့ အကြောင်းအရာတွေကို note ထုတ်ထားချင်တာ ဒါမှမဟုတ် ကိုယ့်ရဲ့ personal အကြောင်းအရာတွေပဲ ရေးချင်တာ ဒီလိုမျိုး note တွေ ရေးပြီးရင် ကိုယ့်ရဲ့ ဖုန်းမှာရှိတဲ့ note application မှာမက ကိုယ်အသုံးပြုတဲ့ Computer မှာပါ သုံးချင်တာဆိုရင်တော့   Ever Note  ဆို တဲ့ application နဲ့ မိတ်ဆက်ပေးပါရစေ Ever Note   ဆိုတဲ့ note application က Gmail account တစ်ခု ရှိရုံနဲ့  အသုံံံံံးပြု  နိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ရဲ့ Gmail account နဲ့ login ဝင်ပြီး note တွေရေးပြီးရင် internet ဖွင့်ပြီး sync လုပ်ပေး save ရုံပါ။ ပြီးရင်တော့ မိမိရဲ့ phone မှာရှိတဲ့ application ဒါမှမဟုတ် ကွန်ပျူတာမှာရှိတဲ့ application ကြိုက်တဲ့ နေရာကနေ ပြန်ကြည့်လို့ ရသလို အသစ်ထပ်ရေးလည်း ရပါတယ်။ Internet access ရှိဖို့တော့ လိုပါတယ် အဆင်ပြေကြပါစေ

ဓာတ်ပုံတွေကို cloud မှာ သိမ်းနည်း

ဖုန်းထဲက အမှတ်တရ ဓာတ်ပုံလေးတွေ ပျောက်မှာစိုးလို့ တခြား ဘယ်နရာမှာ သိမ်းလို့ရမလည်း ကျွန်တော်တို့ အမှတ်တရ ရိုက်ထားတဲ့ photos တွေကို ဖုန်းထဲမှာထားရင်း အကြောင်း အမျိုးမျိုးကြောင့် ပျက်သွားနိုင်သလို storage တွေ မဆံ့တော့တဲ့ အခြေအနေမျိုးတွေ ကြုံလာရင် ဘယ်နေရာမှာ သိမ်းထားကြမလည်းပေါ့နော် သိမ်းထားလို့ရတဲ့ နေရာတွေကတော့ အများကြီးပါ Free တွေရသလို ဝယ်ရတာ‌တွေလည်း ရှိနိုင်ပါတယ် ကျွန်တော် လက်လှန်းမီသလောက်ကို ပြောပြပေးသွားပါမယ် Free ပေးထားတဲ့ storage ပမာဏ ရှိသလို free ပေးထားတဲ့ storage ကုန်ရင်တော့ ဝယ်သုံးရပါတယ် Gmail account လေးတစ်ခု ရှိရုံနဲ့ free ပေးထားတဲ့ ပမာဏ storage ဆံ့အောင် သိမ်းထားကြပေါ့နော် Webpage တွေကနေ သိမ်းထားလို့ ရသလို application တွေ Downlod လုပ်ပြီး Gmail account လေးရှိရုံနဲ့ login ဝင်ပြီး သိမ်းထားကြပါ သိမ်းထားလို့ရတဲ့ နေရာ ( Software ) တွေကတော့ Dropbox Google Drive Google Photo စတဲ့ နေရာတွေမှာ အမှတ်တရာ ဓာတ်ပုံလေးတွေ သိမ်းထားလို့ ရသလို MI phone ကိုင်တဲ့ သူတွေကလည်း MI cloud မှာ သိမ်းထားလို့ရပါတယ်။ MI cloud ကတော့ MI account လေး အသုံးပြုရမှာပေါ့နော် အပေါ်မှာ ပြောပြပေးခဲ့တဲ့ နေရာတွေမှာ မိမိတို့...

Facebook Page တွေ ကိုင်ရင် အသုံးပြုသင့်သော App

Image
Facebook Page တွေ များနေရင် ဘယ်လို App မျိုး သုံးသင့်လည်း Facebook page  တွေ အများကြီး အသုံးပြုရတဲ့အခါ အရင်လို Facebook App ကနေ အသုံးပြုမည့်အစား Pages Manager ဆိုတဲ့ application ကို သုံးမယ်ဆိုရင် ပိုပြီးတော့ အဆင်ပြေပါတယ်။ Page တစ်ခုနဲ့ တစ်ခုကို အလွယ်တကူ ပြောင်းနိုင်သလို Page တစ်ခုချင်းဆီရဲ့ message တွေကိုလည်း အလွယ်တကူ reply ပြန်လို့ အဆင်ပြေပါတယ်။ Page တစ်ခုချင်းဆီရဲ့ Notification တွေကိုလည်း အလွယ်တကူ ကြည့်ရှုလို့ ရနိုင်ပါတယ်။

MI ဖုန်းတွေမှာ ဖြစ်တတ်သော error

MI ဖုန်းတွေမှာ ဖြစ်တတ်သော error တစ်ခါတစ်လေ ဖုန်းကြောင်တာမျိုး ကြုံဖူးကြမှာပါ ဖုန်းသုံးရင်းနဲ့ ဘာကိုမှ နှိပ်မရတာမျိုး  Reboot လုပ်ရင်တောင် reboot ကို နှိပ်ပေမယ့် ဘယ်လိုမှ မရတဲ့ အခါမျိုး Battery ကို ထုတ်ရအောင်လည်း battery က built in ပါလာတော့ ဖွင့်မရဖြစ်တတ်တဲ့ အခါမျိုး ကြုံခဲ့ရင် အောက်မှာ ဖော်ပြပေးတဲ့ နည်းလမ်းလေးအတိုင်း ကြိုးစားကြည့်ပေးပါ ဖုန်းရဲ့ ပါဝါ ခလုတ်ကို screen အနက်ရောင် ပေါ်လာတဲ့အထိ ဖိထားပေးပါ ဖုန်း screen အနက်ရောင် ပေါ်လာတဲ့အခါ simcard ကို ထုတ်လိုက်ပါ Simcard ထုတ်ပြီးတဲ့အခါ ပြန်သွင်းပါ နောက်တစ်ခါက် ဖုန်းရဲ့ ပါဝါခလုတ်ကို screen အနက်ပေါ်တဲ့အထိ ပြန် ဖိထားပေးလိုက်ပါ Screen အနက်ရောင်နဲ့အတူ ဖုန်းစက်ပါ ပြန်ပွင့်လာတဲ့အထိ စောင့်ပေးပါ။ အဲ့ဒါပြီးရင်တော့ ဖုန်းက အရင်လို ပြန်ကောင်းသွားပါပြီ။ ကြိုက်တဲ့ app ကို click လို့ရပါပြီ။ ကျွန်တော်ကိုယ်တိုင် ကြုံဖူးလို့ share ပေးတာပါ stay home ကာလမှာ ဖုန်းဆိုင် ထပြေးရတော့မလို ဖြစ်နေတုန်း google မှာ ရှာကြည့်တော့ အထက်က နည်းလမ်းအတိုင်း ပြောပြထားတာ တွေလို့ လိုက်လုပ်ကြည့်ရင်းနဲ့ အဆင်ပြေသွားတာပါ။ အားလုံးပဲ အဆင်ပြေကြပါစေ